ပုလဲလေးတွေလို ဖြူဖွေးလှပနေတဲ့ သွားလေးတွေကို မပိုင်ဆိုင်ချင်တဲ့ မိန်းကလေးဆိုတာ မရှိနိုင်ပါဘူး။ သွားလေးတွေ ပိုမိုဖြူဖွေးလာနိုင်ဖို့ ကူညီပေးနိုင်တဲ့ သဘာဝသစ်သီးသုံးမျိုးကိုဖေါ်ပြပေးလိုက်ပါတယ်။
(၁) စတော်ဘယ်ရီ
စတော်ဘယ်ရီသီးလေးတွေကို အနှစ်ဖြစ်အောင် ဖိချေပေးပါ။ ပြီးရင် လက်နဲ့ဖြစ်စေ သွားတိုက်တံနဲ့ပဲဖြစ်စေ မိမိရဲ့ သွားလေးတွေအပေါ် အုံပေးပါ။ (၅)မိနစ်ခန့်ထားပြီး ရေဖြင့် ပလုတ်ကျင်းကာ ဖလိုရိုက်ပါသော သွားတိုက်ဆေးဖြင့် သွားတိုက်ပါ။ မနက်တစ်ကြိမ် ညတစ်ကြိမ် သွားတိုက်ချိန်တိုင်း လုပ်ပေးပါက ရက်အနည်းငယ်အတွင်း သိသာဖြူဖွေးလာမှာဖြစ်ပါတယ်။
(၂) မုန်လာဥနီ
မုန်လာဥနီဟာ သဘာဝအတိုင်း သွားတွေကိုသန့်စင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ မုန်လာဥနီရဲ့ အသားတွေဟာ သွားတွေရဲ့ အရောင်ကို မှေးမှိန် ၀ါနှမ်းစေတဲ့ ဘက်တီးရီးယား အလွှာ (Plaque) ကို ဖယ်ရှားပေးနိုင်ပါတယ်။
(၃) ရှောက်သီး
ရှောက်သီးဟာလည်း သွားတွေကိုဖြူဖွေးစေနိုင်တဲ့ သဘာဝ သစ်သီးတစ်မျိုးပါပဲ။ ရှောက်သီးအနှစ်နဲ့ ဆားကို ပျစ်ပျစ်ကလေးစပ်ပြီး သွားများကို ပွတ်တိုက်ပေးခြင်းဖြင့် လည်းကောင်း၊ ခဏတာ အုံပေးထားခြင်းဖြင့် လည်းကောင်း ပြုလုပ်နိုင်ပါတယ်။ ပြီးရင် ရေနဲ့ပလုတ်ကျင်းလိုက်တာနဲ့ ပိုမိုဖြူဖွေးတဲ့ သွားတွေကို ရရှိမှာဖြစ်ပါတယ်။
သဘာဝအတိုင်း ဖြူဖွေးလှပတဲ့ သွားလေးတွေ ဖြစ်လာဖို့ လွယ်ကူတဲ့ နည်းလမ်းလေးတွေနဲ့ ပိုလှနိုင်ကြပါစေနော်။

Visit Us On Facebook