အချို့သော အမျိုးသား၊ အမျိုးသမီး တွေဟာ နှုတ်ခမ်းသား မည်းညစ်မှု့ နဲ့ရင်ဆိုင် ကြုံတွေ့ နေကြရပါတယ်။ အမျိုးသမီးတွေ နှုတ်ခမ်းသား မည်းညစ်နေ ပါက နှုတ်ခမ်းနီ ဆိုးရန် လွယ်ကူ သော်လည်း အမျိုးသားများ အတွက် ကတော့ နှုတ်ခမ်းသား မည်းညစ်နေတာ ကိုရင်ဆိုင် ဖြေရှင်းရဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့် နှုတ်ခမ်းသား မည်းညစ်နေတဲ့ အမျိုးသားဖြစ်စေ အမျိုးသမီး ဖြစ်စေ နှုတ်ခမ်းသား မမည်းညစ်စေရန် လွယ်ကူစွာ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးပါမယ်။ နှုတ်ခမ်းသား မည်းညစ်စေတဲ့ အခြေခံ အချက်များစွာ ရှိပါတယ်။ ကော်ဖိီ၊ လက်ဖက်ရည်နှင့် ဆေးလိပ်တို့ကို လွန်ကဲစွာ သောက်သုံးသောကြောင့် ၄င်းက ရရှိလာတဲ့ ကဖိန်းဓာတ်ရဲ့ ဘေးထွက် ဆိုးကျိုးများ ကနှုတ်ခမ်းသား ကိုမည်းညစ် စေပြီး နေပူထဲတွင် အကာအကွယ်မပါပဲ သွားလာ ခြင်းကြောင့် နှုတ်ခမ်းသား ကိုနေလောင်ခြင်း၊ ရေနွေးကဲ့သို့ ပူလောင်သော အရည်များကို ခွက်အတွင်းမှ စုပ်ယူသောက်ခြင်း၊ နေ့စဉ်ဆိုးသော နှုတ်ခမ်းနီ များထဲတွင် ခဲဓာတ်ပါဝင် မှု့များခြင်း၊ စွဲမြဲစွာ သောက်သုံး နေရသော ဆေးဝါးများ၏ အကျိုးရလာဒ် များစတာတွေ ကြောင့်လည်း နှုတ်ခမ်းသား တွေကို မည်းညစ် လာစေပါတယ်။
စိတ်ပျက် ဖွယ်ကောင်းတဲ့ နှုတ်ခမ်းသား မည်းညစ်မှု့ ကနေကာကွယ် ရမယ့် လုပ်ဆောင်ချက် များစွာရှိပါတယ်။ အခုပဲ အဲ့နည်းလမ်းလေး တွေကိုပြောပြပေးပါမယ်။
ဌက်ပျောသီး
-ဌက်ပျောသီး အမှည့် ကိုအသုံးပြုလို့ ရပါတယ်။ ဌက်ပျောသီး အမှည့်ကို နွားနို့၊ ပျားရည် တို့ဖြင့် သမအောင် ရောနယ် ပြီးတော့ နေ့စဉ်လိမ်းပေးပါ။ ရက်အနည်းငယ် အတွင်းမှာပင် နှုတ်ခမ်းသား မည်းညစ်မှု့ကို ပျောက်ကင်းပြီး ပန်းနုရောင် နှုတ်ခမ်းပိုင်ရှင် လေးဖြစ်လာမှာ အသေချာပါပဲ။
ရှားစောင်းလက်ပတ်
-မည်းညစ်နေတဲ့ နှုတ်ခမ်းသားပေါ်မှာ ရှားစောင်းလက်ပတ် ဂျယ်လီကို အသုံးပြု ခြင်းဖြင့်လည်း နှုတ်ခမ်းသား မည်းညစ်မှု့ကို ပျောက်ကင်းစေ မှာပါ။
ဆား
-ထမင်း၊ဟင်းချက်ပြုတ်ရာ မှာအသုံးပြုတဲ့ ဆားကို နွားနို့နဲ့ ရောလိုက်ပါ။ ရောလို့ရလာတဲ့ အနှစ်ပျစ်ပျစ် တွေကို နှုတ်ခမ်းသား အပေါ် ခပ်ဖွဖွလေး ပွတ်တိုက်ပေးပါ။ ပွတ်တိုက်ပြီး လို့၁၅-မိနစ် အကြာမှာ ရေအေးဖြင့် ဆေးလိုက်ပါ။ သတိပြုရန်မှာ ရေခဲရေဖြင့် ဆေးခိုင်း ခြင်းမဟုတ်ပါ။
သလဲသီး
-သလဲသီးရဲ့ အစေ့တွေကို ဖယ်ထုတ်ပစ်ပါ။ အစေ့များ မရှိတော့ရင် အသားဖတ် တွေကို ထောပတ်နဲ့ နယ်ပြီး နှုတ်ခမ်းသား တွေကို သုတ်လိမ်းပေးပါ။ ထိုသို့ ညအိပ်ယာ ၀င်ခါနီးတိုင်း လုပ်ပေးခြင်းဖြင့် ရက်အနည်းငယ် တွင်းမှာပင် နှုတ်ခမ်းသား မည်းမည်းတွေ ပျောက်ကင်းသွားပါ လိမ့်မယ်။
စတော်ဘယ်ရီ
-စတော်ဘယ်ရီသီး အမှည့်တွေကို ရှာစောင်းလက်ပတ် ဂျယ်လီ၊ ပျားရည်တို့နဲ့ ရောပြီးနှုတ်ခမ်းသား ကိုပွတ်တိုက်ပေးပါ။ ၁၀-မိနစ်ခန့် အကြာမှာ ရေအေးဖြင့် ဆေးကြောလိုက်ပါ။ သတိထားရမည့် အချက်မှာ ရေခဲရေနဲ့ မဆေးကြော ရန်ဖြစ်ပါတယ်။ စတော်ဘယ်ရီ အသီးကလည်း နှုတ်ခမ်းသား မည်းညစ်ခြင်း ကိုပပျောက်စေမယ့် သဘာဝ နည်းဖြစ် ပါတယ်။
မုန်လာဥနီ
-မုန်လာဥနီ အလုံး(ခေါ်) သကြားမုန်လာ ကိုသုံးပါ။ သွေးအကြည်ရောင်လို ရဲရဲနီတဲ့ သကြားမုန်လာဥ တွေက အရေပြားပေါ်ရှိ ဆဲလ်အသေတွေကို ကောင်းစွာ ဖယ်ရှားပေးနိုင် ပြီးတော့ နှုတ်ခမ်းသား မည်းညစ်မှု့ကို တဖြည်းဖြည်း နဲ့လျော့နည်း လာစေမှာ ဖြစ်ပါတယ်။
သံလွင်ဆီ
-နှုတ်ခမ်းသား အပေါ်ကို သံလွင်ဆီ အစက်လေးတွေ ချပြီးလိမ်းပေးပါ။ သံလွင်ဆီကို နှုတ်ခမ်းသား ထဲအထိ စိမ့်ဝင် အောင် ဖြည်းညှင်းစွာ ပွတ်လိမ်းပေး ခြင်းဖြင့် နှုတ်ခမ်းသား မည်းညစ်မှု့ကို သက်သာ လာစေမှာပါ။နေ့စဉ်ပြုလုပ် ရန် တော့ လိုအပ်ပါတယ်။
နှင်းဆီ
-နှင်းဆီပွင့်ချပ် တွေကို ထောပတ်နဲ့ ရောထောင်းပေးပါ။ ရလာတဲ့ အနှစ်တွေကို နှုတ်ခမ်းပေါ် အုံတင်ပေးပါ။ ထိုကဲ့သို့ တစ်ပတ်မှာ ၂ကြိမ်လောက် ပြုလုပ်ပေး ခြင်းဖြင့် နှုတ်ခမ်းသား မည်းညစ်မှု့ကို လျော့နည်း လာပါ လိမ့်မယ်။
သကြား
သကြားတွေကို လက်ဖက်ရည် ဇွန်းသုံးဇွန်းစာ ပမာဏယူပါ။ ရရှိလာတဲ့ သကြားမှုန့် တွေကို ထောပတ် နဲ့ရောပြီး ရလာတဲ့ အနှစ်ကို နှုတ်ခမ်းပေါ် လိမ်းပေးပါ။ ထောပတ်က နှုတ်ခမ်းသား အစိုဓာတ်ကို ထိန်းပေးသလို သကြားကလည်း နှုတ်ခမ်းသား အပေါ်ရှိ ဆဲလ်အသေ တွေကို ဖယ်ရှားပေးပါတယ်။

Visit Us On Facebook